ကလောမြို့နယ်၌ စပါးနှင့်နေကြာသီးနှံများအတွက် ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ ပုန်းအင်းကျေးရွာ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ကျေးရွာခန်းမ၌ စပါးနှင့်နေကြာသီးနှံများအတွက် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။

ချောက်မြို့၌ တစ်လမ်း​မောင်းစနစ် သိရှိလိုက်နာနိုင်​ရေး ပညာ​ပေး​ဆောင်ရွက်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၊ မြို့မ​စျေး မြောက်ဘက်လမ်း​အား ယာဉ်သွားလာမှု စနစ်တကျရှိ​စေ​ရေးအတွက် ယခင်ကျင့်သုံးခဲ့သည့် တစ်လမ်းမောင်းစနစ် (One-way) အား အနှေးယာဉ်မောင်းနှင်သူ၊ ယာဉ်မောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရန်အတွက် ပညာ​ပေး​ဆောင်ရွက်ခြင်းများကို ယ​နေ့နံနက် ၉နာရီအချိန်က​​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ယာဉ်အန္တရာယ် ကင်းရှင်းစေရေး တွံတေး၌  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် ယာဉ်စစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ရှေ့ မီးပွိုင့်လမ်းဆုံတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တွံတေးမြို့နယ် ရဲတပ်ဖွဲ့ တို့မှဦးဆောင်၍ (၅၇)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲအုပ်ဇော်မင်းဦး ဦးဆောင်သော ယာဉ်ထိန်း တပ်ဖွဲ့ဝင်နှင့် ပူးပေါင်းအဖွဲ့တို့မှ  ယနေ့ နံနက် ၈ နာရီ အချိန်က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်၌ ဆောင်းနေကြာ အချိန်မီစိုက်ပျိုးနိုင်ရေး မြေပြုပြင်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆ ဖူလုံမှုရှိစေရန်နှင့် တောင်သူများ ထယ်/ထွန်စရိတ်များ သက်သာပြီး ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ မွေးမြူထား​ပြီး ပြည်တွင်းပြည်ပ စျေးကွက်များသို့ တင်ပို့ရောင်းချလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ဆန်စပါးအများဆုံး စိုက်ပျိုးထုတ်လုပ် လျက်ရှိသော တိုင်းဒေသကြီး ဖြစ်သည့်အပြင် မွေးမြူရေးကဏ္ဍတွင်လည်း ပြည်တွင်းစားသုံးမှု ဖူလုံစေရန် သာမက ပိုလျှံသည့် ရေထွက်ပစ္စည်းများကို နှစ်စဉ်ပြည်ပသို့တင်ပို့၍ ပြည်ပမှဝင်ငွေ ရှာဖွေပေးနေသော စီးပွားရေး လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်လျက် ရှိသည်။

ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာပူး​ပေါင်း၍ ဒေသဖွံ့ဖြိုးရေးအတွက် စံပယ်ခြုံကျေးရွာမှ ပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၁၀ နာရီက စပယ်ခြုံကျေးရွာအုပ်စုသို့  ကွင်းဆင်း၍ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့ကြသည်။ 

မိုင်းယောင်း၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မိုးလုံလေလုံ အားကစားခန်းမ၌ ခရိုင်အဆင့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် နောက်ဆုံးပတ်က ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၏ ၂၃ ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ယမန်နေ့ နံနက်(၉) နာရီတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။

လပွတ္တာမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ လပွတ္တာမြို့နယ် စည်ပင်သာယာရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ဈေးများတွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ် ဆောင်ရွက်မည် ဖြစ်ရာ ယနေ့နံနက် (၈)နာရီချိန်က လပွတ္တာမြို့နယ် စည်ပင်သာယာရေး အဖွဲ့ပိုင် နန္ဒဝန်စျေး၊ ရွေးနဒီစျေး၊ အမှတ်(၁)ရပ်ကွက် ပျံကျစျေးများ၌‌ ဈေးအတွင်းအပြင် ဈေးရောင်းဈေးဝယ် ပြည်သူများအား အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
Subscribe to