တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ဆီမီးထွန်းကျေးရွာသို့  ဒေသဖွံ့​ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်တွင်းကြီး စက်တင်ဘာ ၄

မ​ကွေးတိုင်း​ဒေသကြီး၊​ မကွေးခရိုင်​၊‌‌ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ​ကျေးရွာပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အတွင်းရေးမှူးရဲမှူးအောင်မိုးခိုင်၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယ​နေ့ နံနက်(၁၀)နာရီက ဆီမီးထွန်းကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်​ရေရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အတွင်းရေးမှူး ရဲမှူးအောင်မိုးခိုင်၊ အဖွဲ့ဝင်(၂) ဦးလှသောင်းတို့က ကျေးလက်နေပြည်သူများအတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကတ် တစ်မျိုးမျိုးကိုင်‌ဆောင်ခွင့်ရရှိစေရေး၊ ဆောင်းသီးနှံနေကြာတိုးချဲ့စိုက်ပျိုး​နိုင်ရေး၊ ​​မွေးမြူရေး၊ ရေရရှိရေး၊ ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများနှင့် ကျေးရွာတွင်းလမ်းများကောင်းမွန်စေရေး၊ မီးလင်း​ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် အ‌သေးစိတ်ရှင်းလင်းဆွေးခဲ့ရာ တက်​ရောက်လာသည့်​ ကျေးရွာ​ပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)