ဘားအံမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဘားအံ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စစ်ကြောင်းကြီး ၅ကြောင်းဖြင့် နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန့်နေ့မွန်းလွဲပိုင်းက ရွှေဘိုဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် အိမ်ထောင်စုစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ မြေယာကိစ္စရပ်များ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဆိုင်ရာများ၊ ကိုဗစ်ဆေးထိုးနှံပေးနေမှုများ၊ မြို့နယ်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ပေးနေမှုမျာ စသည့်လုပ်ငန်းကိစ္စရပ်အသီးသီးကို သက်ဆိုင်ရာဌာနမျာအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးထင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖနှင့် ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်