ငါးသိုင်းချောင်း စက်တင်ဘာလ ၄
ယမန်နေ့ ညနေ(၆)နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ငဝန်တံတားအလယ်ညာဘက်မှ လူငယ်တစ်ဦး ရေထဲခုန်ချသွားကြောင်း သတင်းရရှိသဖြင့် နယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် တင်လင်းထွဋ်နှင့် အဖွဲ့က သွားရောက် ကြည့်ရှုစစ်ဆေးရာ တံတားပေါ်မှ ခုန်ချသွားသူ၏ ဖိနပ်တစ်ရံ၊ EBED စာတန်းပါ ဦးထုပ်(၁)လုံး၊ Redmi 8 နီညိုရောင် ဖုန်း(၁)လုံးနှင့် စူပါကတ်ဆိုင်ကယ် ဖြူနီကြား(၁)စီးတို့ ကျန်ရှိခဲ့ကြောင်း တွေ့ရှိရသဖြင့် ဆက်လက်စုံစမ်းခဲ့ရာ ရေထဲခုန်ချသွားသူမှာ ငါးသိုင်းချောင်းမြို့၊ ရွှေဘိုရပ်ကွက်၊ ရွှေတောင်လမ်းရှိ အသက်(၂၀)အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
အဆိုပါ ရေထဲခုန်ချသွားသူအား ယနေ့နံနက်ပိုင်းမှစ၍ ငါးသိုင်းချောင်းမြို့ နယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများ ပူးပေါင်း၍ ငဝန်မြစ်အတွင်း စက်လှေများဖြင့် လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။
နှင်းယုဝေ (ပြန်/ဆက်)