အိမ်မဲမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသော နေ့အဖြင့်သတ်မှတ်ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်ရှိ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မစျေးကြီးနှင့် ကမ်းနားလမ်းရှိ ပျံကျစျေးတို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အပတ်စဥ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ် မသုံးစွဲရသောနေ့အဖြင့် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင် အသိပညာပေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။