ဟိုပန်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း သထုံမြို့ ရွှေစာရံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက် ၉ နာရီအချိန်ခန့်က သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရေး ပထမအကြိမ် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။

ပဲခူးတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉နာရီက မြို့နယ်ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့၌ ပြည်သူများအတွက် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဆားများကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးနေ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်များရှိ အခြေခံအိမ်ထောင်စုဝင်များ စားသောက်ရေးအဆင်ပြေစေရန်အတွက် ယနေ့နံနက် ၉ နာရီက ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာကလေးရပ် နတ်မော်လမ်းရှိ ဦးအောင်မြတ်ကျော် ဘုရားဝန်း ပြည်လုံးချမ်းသာခန်းမနှင့် မြဝတီရပ်ကွက်တို့၌ ဆန်၊ ဆီ၊ ကြက်ဥဟင်းသီးဟင်းရွက်များကို  သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၄)ရက်၊ နံနက်(၈)နာရီက စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ နောင်ခမ်းရှမ်းရွာ အတွင်း ရပ်ကွက်နေပြည်သူများ၏ လိုလားချက်အရ ရပ်ကွက်တွင်းလမ်းများ ခင်းကျင်းပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့သစ်ကြီးရပ်ကွက် (နောင်ခမ်းရှမ်းရွာ)အတွင်း မိန်းလမ်းမ တစ်ခုသာ ကွန်ကရစ်လမ်းရှိနေပြီး လမ်းသွယ်များအနေဖြင့် မြေသားလမ်းအဖြစ်သာ ရှိနေသဖြင့် ရပ်ကွက်နေပြည်သူများ၏ တင်ပြချက်အရ လမ်းသွယ်များ ခင်းကျင်းဆောင်ရွက်ပေးနိုင်ရေး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခွဲ က ရပ်ကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ရောဂါကာကွယ်ရေး PPE ဝတ်စုံများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသည့် ရောဂါကာကွယ်ရေး PPE ဝတ်စုံများအား လူမှုကူညီရေးအဖွဲ့များသို့ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ အောက်ကျင်းရပ်ကွက် စျေးကြီးလမ်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံး၌ ပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ အထကကျောင်း အဆင့်တိုးမြှင့်ခြင်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာအုပ်စုတွင် အထက(ခွဲ)မှ အထကကျောင်း အဆင့်တိုးမြှင့်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက ရွှေဟင်္သာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to