ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေး

ဖျာပုံ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်များအသင်း မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့် ခလရ( ၉၈) နယ်မြေခံတပ်တို့ ပူးပေါင်းကူညီမှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် စက်တင်ဘာလ (၄)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က ဖျာပုံမြို့အမှတ်(၃)ရပ်ကွက်၊ ဆန်စက်၊ ဆန်ကုန်သည်များအသင်းရုံးရှေ့တွင် ရောင်းချပေးလျက်ရှိ​ကြသည်။
အဆိုပါ အခြေခံပြည်သူများ သက်သာချောင်ချိရေး ဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့် တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေးရာတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဖျာပုံမြို့နယ်ဆန်စက်၊ ဆန်ကုန်သည်များအသင်းမှ တာဝန်ရှိသူများ၊ ခလရ(၉၈) နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပြည်သူများအား၊ သက်သာချောင်ချိရေးဆန်၊ ဆီ၊ ဆား၊ ကြက်ဥနှင့်တပ်မတော်ထုတ်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်ချပေးရာတွင် အချွန်ဆန်တစ်ပြည် (၁၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ဆားတစ်ပိဿာ (၅၅၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြက်ဥ(၃)လုံး (၅၀၀)ကျပ်နှုန်းဖြင့်လည်းကောင်း၊ စားအုန်းဆီတစ်ပိဿာလျှင် (၅၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ တပ်မတော်ထုတ်ကုန်များအား ပေါက်စျေးနှုန်းအလိုက် ရောင်းချပေးခဲ့ကြသည်။
ထိုသို့ဆန်၊ ဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တိုင်းဒေသကြီးဒေသကော်မတီ (၅)ဖျာပုံမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့မှ အခါအားလျော်စွာ နေ့ရက်အလိုက် ဆန်နှင့်စားအုန်းဆီများအား သက်သာသော စျေးနှုန်းဖြင့်ရောင်းပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)