ငပုတောမြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီးများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ရှေ့/နောက် ရောင်ပြန်စတစ်ကာများ အသုံးပြု‌ရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ အနှေးယာဉ်လုပ်သားကြီး များ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာစေရန် ရည်ရွယ်၍ ရောင်ပြန်စတစ်ကာများ ကပ်ပေးခြင်း လုပ်ငန်းကို စက်တင်ဘာ ၃ ရက်နေ့က ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့( အ.ထ.က-၂ ) ကျောင်းမှ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ (အ.ထ.က-၂) ကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းသာမြို့၌ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်းရနေ့အဖြစ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံး ပလတ်စတစ်အိတ်များ လျှော့ချသုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် ဈေးမရောင်း ရနေ့သတ်မှတ် ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီက ရွှေသာယာမြို့မစျေးတွင် အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ငပုတောမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စည်ပင်သာယာရေးကော်မတီမှ ပြည်သူများ ပလတ် စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့ အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှု ရှိစေရေး စိစစ်ကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကုန်းမြို့၌ ပလတ်စတစ်အိတ်များ အသုံးမပြုစေရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းနှင့် ပျံကျဈေးအတွင်းသို့ ပလတ် စတစ်အိတ် အသုံးမပြုရေးနေ့အဖြစ် ကြာဖက်၊ အင်ဖက်၊ သတင်းစာများဖြင့်သာ ရောင်းချစေရေး ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံစစ်ဆေးခဲ့ကြသည်။

တပ်ကုန်းမြို့၌ တပ်မတော်( ကြည်း၊ ရေ ၊ လေ )မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ ၊ ဆား ၊ ပဲ ၊ ဆေးနှင့် ဆွမ်းပဒေသာပင်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များသို့ တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့်စေတနာ ရှင်ပြည်သူများမှ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တပ်ကုန်းမြို့နယ် ငွေတောင်တောရ ပရိယတ္တိစာသင်တိုက်တွင် ကျင်းပသည်။

ကရင်ပြည်နယ် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်၌ ၂၀၂၂ ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးအား တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် အနှစ်သာရ ပြည့်ဝစွာဖြင့် ကျင်းပပြုလုပ်နေပြီဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၈ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ (ပြည်နယ်အဆင့်)ဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားသည်။

မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စရိတ်မျှပေး ထောက်ပံ့ခြင်းအစီအစဉ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်ရှိပြည်သူများ စရိတ်သက်သာစွာဖြင့် ဆန်ဝယ်ယူရရှိနိုင်စေရန် စရိတ်မျှပေးထောက်ပံ့ခြင်းအစီအစဉ်အား စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ၉ ရက်နေအထိ မြို့နယ်အတွင်း လှည့်လည် ရောင်းချခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်း‌စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်တွင် မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့ သတ်မှတ်ကာ စစ်ဆေးမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး၏ လမ်းညွှန်ချက်အရ အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ သတ်မှတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။
Subscribe to