မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့သစ်မြို့နယ်ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံ
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့သစ်မြို့နယ် ဝါစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်(၂)နာရီ အချိန်ခန့်က မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၃၂၉)၊ ဦးပိုင်အမှတ် (၃၇)၊တောင်သူ ဦးမြင့်စိုး၏ မိုးနှောင်းချဉ်မျှင်ရှည်ဝါမျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။