ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာ အ.လ.က (ခွဲ)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးမှု လျာထားချက်ပြည့်မီရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမ၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာ ကြက်သွန်ခင်း(၁) မူလတန်းလွန်ကျောင်းသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ တောင်ငူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်) ​ကြက်သွန်ခင်း(၁)ကျောင်းသို့ ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဝါးခယ်မမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းခြင်း လုပ်ငန်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ဆန်၊ဆီနှင့် ကြက်ဥအခြေခံစားသောက်ကုန်ပစ္စည်းများ ပြည်သူ့များသို့ ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအတွက် စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေမှုရှိစေရန်အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ဆန်၊ဆီနှင့် ကြက်ဥတို့အားဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ယာဉ်စည်းကမ်းပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် စည်းကမ်းလိုက်နာစေရေးအတွက် ယာဉ်စည်းကမ်းပညာပေး ဗီနိုင်းဆိုင်း ဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ ညနေ ၅နာရီခွဲအချိန်က ကြိုဆိုပါ၏လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း(Mask) ၊တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၇နာရီခွဲမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြိတ်လမ်းရှိအမှတ်(၂)စျေး၌ စျေးရောင်း၊ စျေးဝယ်များ၊ ခရီးသွားပြည်သူများအား ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီနှင့်ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်(၈:၀၀)နာရီ၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

အမာမြို့ ၌ ပလပ်စတစ် အစားထိုးသုံးပြုရန် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် မြို့မ(၂)ရပ်ကွက်ရှိ ပျံကျဈေးတွင် ဈေးရောင်းချ သူများအား ပလပ်စတစ်အစားထိုးအသုံးပြုရေးနှင့် ပြည်သူများသိရှိနိုင်စေရန် အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နနက်(၆)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက် ကုမုဒြာပန်းခြံရှေ့တွင် ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Subscribe to