ညောင်တုန်းမြို့နယ်တွင် ယာဉ်စည်းကမ်းပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်

ညောင်တုန်း  စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေးနှင့် စည်းကမ်းလိုက်နာစေရေးအတွက် ယာဉ်စည်းကမ်းပညာပေး ဗီနိုင်းဆိုင်း ဘုတ် စိုက်ထူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့  ညနေ ၅နာရီခွဲအချိန်က ကြိုဆိုပါ၏လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကျော်မျိုးထက်နှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများပူးပေါင်း၍ မြို့အ၀င် ကြိုဆိုပါ၏ လမ်းဆုံ၌ အများပြည်သူ ဖတ်ရှုနိုင်စေရန် ဆိုင်ကယ်စီးလျှင် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီး ဦးထုပ်ကိုမေးသိုင်းကြိုး သေချာစွာတပ်၍ ဆောင်းရမည်၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းဘဲ ဆိုင်ကယ် စီးနင်းလျှင် အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည်၊ ယာဉ်တိုက်မှုဖြစ်ပွားပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေပုဒ်မများစသည့် အသိပညာပေးအကြောင်းအရာများနှင့် မှတ်တမ်း ဓာတ်ပုံများပါဝင်သည့်  အသိပညာပေး ဗီနိုင်းဆိုင်းဘုတ်စိုက်ထူပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)