သာကေတမြို့နယ်ရှိ ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီနှင့်ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

သာကေတ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ /မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက်(:၀၀)နာရီ၌ အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

သာကေတမြို့နယ်၊ /မြောက်ရပ်ကွက်ရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူ(၂၀၈)ဦးအား အိမ်​​ထောင်စု()စုလျှင် ဆန် ၁ ပြည်လျှင်ငွေကျပ် ၁၅၈၅/-နှုန်း၊ ဆီ ၅၀ ကျပ်သားလျှင်ငွေကျပ် ၂၆၅၀/-နှုန်းနှင့် ကြက်ဥ ၁ လုံးငွေကျပ် ၁၇၅/-ကျပ်နှုန်းဖြင့် ကြက်ဥ()လုံး ၈၇၅/-ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်()ဦးဝင်းလှိုင်၊ အဖွဲ့ဝင်()ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးဦးလှဝင်းမောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စွာဝင်းနှင့်အဖွဲ့များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများ ၏ လက်ဝယ်အ​ရောက် စျေးနှုန်းသက်သာစွာဖြင့်  ရောင်းချနေမှုအား ကြည့်ရှုပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းခဲ့​ကြသည်။

သာကေတမြို့နယ်အတွင်းရှိ စားဝတ်နေရေးအခက်အခဲရှိသည့် ရပ်ကွက်(၁၉)ရပ်ကွက်ရှိ ပြည်သူများ၏လက်ဝယ်အရောက် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဆက်လက်ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)