ဝါးခယ်မမြို့နယ်တွင် e-ID စနစ်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (Software program) ထည့်သွင်းခြင်း လုပ်ငန်းအား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဝါးခယ်မ  စက်တင်ဘာ  ၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ (၆၆/၆)ပုံစံများအား e-ID စနစ်ဖြင့်(Software program) ထည့်သွင်းခြင်းလုပ်ငန်းကို ဇူလိုင် ၁၈ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ၀န်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက  ဝါးခယ်မမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း၌ အိမ်ထောင်စု ၈၁၅၃၆ စုရှိပြီး e-ID စနစ်ဖြင့် software program ထည့်သွင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့စက်တင်ဘာလ ၇ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၄၈၂၈၇ စုအား ထည့်သွင်းဆောင်ရွက်ပြီးဖြစ်ရာ ရာခိုင်နှုန်းအနေဖြင့် ၅၉ ဒသမ ၂၂ ရာခိုင်နှုန်း ပြီးစီးကြောင်းနှင့် ကျန်ရှိနေသေးသော အိမ်ထောင်စုများအား သတ်မှတ်ကာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း (ဝါးခယ်မ ပြန်/ဆက်)