မင်းလှမြို့၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး  Booster Dose ဆက်လက်ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ အသက်၁၂ နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို သတ်မှတ်ထားသော ဆေးထိုးစုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျုံပျော်မြို့တွင် Mask Campaign ပြုလုပ်

ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်‌ရေး Mask Campaign ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့၊ ဗိုလ်ချုပ်လမ်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့၌ ယမန်နေ့ နံနက်က ဆောင်ရွက်ခဲ့သည်။

မုံရွာမြို့ကမ်းနားလမ်းတွင် တန်ဖိုးသင့်စားသောက်ကုန်များ လှည့်လည်ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ မုံရွာမြို့နယ် တန်ဖိုးသင့် စားသောက်ကုန်ရောင်းချရေးကော်မတီမှ ဒေသခံပြည်သူများ သက်သာချောင်ချိရေးအတွက် စားသောက်ကုန်ရောင်းချရေး အရောင်းဆိုင် ရွေ့လျားယာဉ်ဖြင့် တန်ဖိုးသင့် စားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက စတင်၍ မုံရွာမြို့ ကမ်းနားလမ်း ဇာတ်ဆိပ်တွင် စတင်ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အခြေခံပညာအလယ်တန်းကျောင်း(ပါဆန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်ဘဝတန်ဖိုး စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ  လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးရေး၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြား ဆုံးဖြတ်နိုင်ရေး၊ အမိနိုင်ငံတော်ကို တန်ဖိုးထားချစ်မြတ်နိုး၍ ဖွံဖြိုးတိုးတက်အောင်ကြိုးပမ်းရေးအတွက် လူငယ်များစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းတည့် ၁၂:၀၀ နာရီက  ရန်ကင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့် ဘဝတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အစည်းအဝေးကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေး ခန်းမ(၁)၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများက video conferencing စနစ်ဖြင့် တက်ရာက်ကြသည်။

ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး(၅)ကြောင်းဖြင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ နှင့်တွေ့ဆုံ၍ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာ များပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းကို အဖွဲ့များ ခွဲ၍ ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ ၇ ရက်နေ့ နံနက်တွင် အမှတ် ၂ ရပ်ကွက်ရှိ ဧရာသီရိသုခခန်းမ ၌ မြို့ပေါ် ရပ်ကွက်ရှိဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဌာနဆိုင်ရာလုပ်ငန်းများအသိပညာပေး ဟောပြော ပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဟုမ္မလင်းတပ်နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့က ယမန်နေ့၊ နံနက်(၇)နာရီခွဲအချိန်က ဒေသခံပြည်သူများ အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား သင်တန်းပို့ချ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ရပ်ရွာအခြေပြုလူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား  ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် သင်တန်းပို့ချသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအား အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် စားဝတ်နေရေးအခက်အခဲရှိသည့် ပြည်သူများအား အဆင်ပြေမှုရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပုဇွန်တောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
Subscribe to