တောင်တွင်းကြီးမြို့နယ်၌ စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ် (၆) မျိုး ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စားသောက်ကုန် ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေစေရန်နှင့် FDA နေပြည်တော်မှ စားသုံးရန် မသင့်သည့် တားမြစ်ထားသော အစားအသောက်အမှတ်တံဆိပ် (၆) မျိုးအား ရောင်းချမှု မရှိစေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေ

စစ်ကိုင်းတိုင်းဒေသကြီး၊က လေးဝမြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များကို အများပြည်သူများ ဖတ်ရှုလေ့လာနိုင်စေရန် မြို့မစည်ပင်သာယာစျေးနှင့် စျေးရှေ့လမ်းတို့တွင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေးရာ၌ အခက်အခဲမရှိစေရေးနေ့စား ဝန်ထမ်းများအား အာမခံစိစစ်ရေး(ယာယီ)ကတ်များ သာစည်မြို့၌ ပြုလုပ်ပေး

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်လူမှုဖူလုံရေးရုံးတွင်  အကျုံးဝင်မှတ်ပုံတင်ထားသည့်   ပြည်ညောင်ကျေးရွာရှိ ရွှေတောင်ဘိလပ် မြေစက်ရုံမှနေ့စားဝန်ထမ်းများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များထုတ်ပေးရာ၌အခက်အခဲမဖြစ်စေရန် အာမခံစိစစ်ရေး(ယာယီ)ကတ်များကို  ယမန်နေ့က အဆိုပါစက်ရုံသို့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းကင်းမြို့တွင် ကမ္ဘာ့စာမတတ်သူပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမ၌ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စာမတတ်သူ ပပျောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်၌ ကျင်းပခဲ့သည်။
Subscribe to