ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းများဆောင်ရွက်

ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်ခြင်းများကို ယမန်နေ့ နံနက် ၇ နာရီ ၃၀ အချိန်က check point ၃ နေရာတွင် အဖွဲ့ ၃ ဖွဲ့ခွဲ၍ ဆောင်ရွက်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အခြေခံစားသောက်ကုန် ဆန်၊ ဆီနှင့် ကြက်ဥတို့ကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပြည်သူများ စားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သော ဆန်၊ဆီနှင့် ကြက်ဥတို့အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ အောင်ချမ်းသာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယမန်နေ့နံနက် ၈ နာရီ က ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောခြင်းနှင့် မြေစိုက်ပိုစတာစိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မော်တော်ယာဉ်ထိန်းအဖွဲ့နှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများ၊ ယာဉ်သွားယာဉ်လာ များပြားသည့် လမ်းဆုံများတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောခြင်းနှင့် မြေစိုက်ပိုစတာများ စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေး လျက်ရှိသည်။

လဲချားတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask Campaign) ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လူစည်ကားသည့် မြို့မစျေး၊ပျံကျစျေး၊ကားဂိတ်နှင့် လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်း(Mask) အခမဲ့ဖြန့်ဝေပေးခြင်းကို

ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဘိုးဘွားများအား အလှူငွေ၊ အခြေခံစားသောက်ကုန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ယမန်နေ့ နံနက်(၉) နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြတ်စေတနာ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် "ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြစို့" ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို စက်တင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ကျော်ခန်းမ ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။

လွိုင်လင်ခရိုင်ရုံး (Community Centre) ခန်းမ၌ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပလပ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ဆွေးနွေးပွဲဟောပြောပွဲအား ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အမှတ်(၁)ရပ်ကွက်ရှိ မြို့မဈေး‌ရှေ့တွင် ယမန်နေ့ နံနက်ပိုင်းက လမ်းသွားလမ်းလာပြည်သူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ခဲ့သည်။

ပင်လောင်းမြို့၌ စံပြစိုက်ကွက် စိုက်ပျိုးသည့်တောင်သူများအား သက်သာသောနှုန်းထား​ဖြင့်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချပေး

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာသီးနှံ၊ စပါးသီးနှံမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက် စိုက်ပျိုးတောင်သူများအား သက်သာသောနှုန်းထား​ဖြင့်ဓာတ်မြေဩဇာ ​​ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
Subscribe to