မင်းလှမြို့နယ်တွင် စက်မှု/စီးပွားမြေငှားဂရန်လျှာက်ထားမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ရွာတော်ကျေးရွာအုပ်စု ဦးပိုင်အမှတ် (၁၃/၂) မြေကွက်အမှတ် (၁၄၆/၁၉၂) မြေဧရိယာ(၀.၁၈)ဧကရှိ မြေနေရာအား ကျေးရွာစက်သုံးဆီ အရောင်းဆိုင်မြေနေရာအတွက် စက်မှု/စီးပွားမြေငှားဂရန်လျှောက်ထားမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။