ဇီးကုန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်

ဇီးကုန်း     စက်တင်ဘာ   

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဗဟုသုတနှင့် အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ က သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာ ..က (ခွဲ)ကျောင်းသို့ စာဖတ်ရှိန်မြှင့်တင်ရေး မိုလ်ဘိုင်းသုံးဘီးယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာမာဦးနှင့် ဝန်ထမ်းများသည် သရက်တပင်အုပ်စု ဝက်ကော်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ မိုလ်ဘိုင်း သုံးဘီးယာဉ်ဖြင့် ကွင်းဆင်း၍ ကျောင်းသား ကျောင်းသူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ပြောကြားခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် စာအုပ်စာစောင်များဖတ်ပြခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းသား ကျောင်းသူများကို စာအုပ်များ ဖတ်ရှုလေ့လာစေခဲ့ပါသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများသည် ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များအား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း နှင့်  စာအုပ်စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)