ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်းတပ်ဆင်သွားလာရေး Mask Campaign ဆောင်ရွက်

ဒဂုံတောင်  စက်တင်ဘာ

ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် နှာခေါင်းစည်း(Mask) ၊တပ်ဆင်သွားလာရေးလှုပ်ရှားမှု Mask Campaign ကို  ယနေ့နံနက် ၇နာရီခွဲမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြိတ်လမ်းရှိအမှတ်()စျေး၌ စျေးရောင်း၊ စျေးဝယ်များ၊ ခရီးသွားပြည်သူများအား ဒဂုံမြို့သစ်ခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဆောင်မှုဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ Mask Campaign ဆောင်ရွက်ရာတွင် ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဆောင်သော ခရိုင်မှူး(စျေးများဌာန)၊ မြို့နယ်စီမံချုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပရဟိတအသင်းများက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ်()စျေးရှိ စျေးရောင်းစျေးဝယ်ကြသူများ စျေးရှေ့လမ်းသွားလမ်းလာ ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးခြင်း နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်း မရှိပါက နှာခေါင်းစည်း (Mask)တပ်ကြရန် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်သွားလာကြရန် နှိုးဆော်အသိပေးဆောင်ရွက်ကြကြောင်း မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သန်းသန်းအေး(ဒဂုံတောင်)