ဒဂုံအရှေ့ စက်တင်ဘာ ၇
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူများအတွက် စားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေမှုရှိစေရန်အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ဆန်၊ဆီနှင့် ကြက်ဥတို့အားဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်သူလူထုအား စားသောက်စရိတ်သက်သာစေရန် ဆန် ၁ ပြည်ငွေကျပ် ၁၅၈၅ နှုန်း၊ ဆီ ၂၅ကျပ်သားလျှင် ငွေကျပ် ၁၃၂၅ နှုန်းနှင့် ကြက်ဥ ၁ လုံး ငွေကျပ် ၁၇၅ကျပ်နှုန်းဖြင့် ကြက်ဥ(၄)လုံး (၇၀၀)ကျပ်တို့ကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူများက ဝမ်းမြောက်စွာဖြင့် လာရောက်ဝယ်ယူခဲ့ကြသည်။
ထို့သို့ပြည်သူလူထုအတွက် စျေးနှုန်းသက်သာစွာဖြင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချပေးနေမှုကို ဒဂုံမြိူ့သစ်(အရှေ့ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးသူ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သက်ဇော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လာရောက်ကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားခဲ့ပြီး စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)