ကျောင်းကုန်းမြို့၌ e-ID စနစ် ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်း ၇၀% ခန့်ပြီးစီးပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဦးစီးမှူးရုံး၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့ အင်အားဦးစီးဌာန၌ ဆောင်ရွက်လျက် ရှိသော အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ (၆၆/၆)များအား e-ID စနစ် အတွင်း ထည့်သွင်းနေမှုသို့ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးအောင်စိုးတို့က ကွန်ပျုတာရိုက်သွင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုကာ အားပေးစကားပြောကြားခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ပြည်သူများ အစားအစာ‌ဘေးကင်းလုံခြုံစေရေးအတွက် တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူရောင်းချမရှိစေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် ဈေးကွက်အတွင်း တရားမဝင် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချခြင်းများ မရှိစေရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်(၁၉)ရောဂါ ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို သိရှိနိုင်စေရန်နှင့် ရောဂါဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍

ဟင်္သာမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်းရှိ ပြည်သူများယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရန် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ဟင်္သာတမြို့ဝင် လယ်တော်စစ်ဆေးရေး ဂိတ်နှင့် လယ်တီကွင်းရပ် မြို့ဝင်ဂိတ်များ၊ မြို့တွင်းလမ်းဆုံများနှင့် လူစည်ကားရာနေရာများ တွင် ဆောင်ရွက်ခဲ့သည်။

ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်

အောင်လံခရိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးမြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် သွားရောက်ကြည့်ရှုစစ်ဆေး

 ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စက်ရုံ/ အလုပ်ရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ကြံခင်းမြို့နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုး ဗီဇပြောင်းအိုမီခရွန် ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ် နိုင်ရန် Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန် က မြို့မဈေးနှင့် ဗိုလ်ချုပ်လမ်းတစ်လျှောက် လူစည်ကားရာနေရာများ တွင် အသိပညာပေးဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၂ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယမန်နေ့ နံနက် ၉နာရီက အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် အထိမ်းအမှတ်ဟောပြောပွဲ ကျင်းပပြုလုပ်သည်။

တာမွေမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး Talk Show  ကျင်းပ

ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် လေထုညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး  Talk Show ကို ယမန်နေ့နေ့လယ် (၁:၀၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအသိပညာပေး Talk Show တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင် က  လေထုညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း ၏ အကြောင်းအရင်းများနှင့် ဆိုးကျိုးအန္တရာယ်များအကြောင်း၊ လေထုညစ်ညမ်းမှုလျှော့ချရေး နည်းလမ်းများ၊  လေထုညစ်ညမ်းမှုကြောင့် လူတို့၏ကျန်းမာရေးထိခိုက်မှုများအကြောင်းကို  အသိပညာပေး ဆွေးနွေးခဲ့သည်။

လားရှိုးမြို့လူထုအခြေပြုဗဟိုဌာန Community Centre တွင် ပြိုင်ပွဲများပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က လူငယ်လူရွယ်လေးများ အသိပညာတိုးပွားစေရန်နှင့် ကာယဉာဏ စွမ်းရည်များ တိုးတက်စေရန်ရည်ရွယ်၍
Subscribe to