ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျောင်းသား/သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးပြီး ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ်ထိုးနှံပေးလျက်ရှိရာ အသက်(၅)နှစ်မှ (၁၂)ထိ‌‌ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ဆက်လက်‌ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယမန်နေ့ နံနက်(၉)နာရီက ကတိုက်ကျီးဝိုင်းကျေးရွာအုပ်စု၊ ကတိုက်ကျီးဝိုင်းကျေးရွာရှိ အောက်မေ့ဘွယ် ခန်းမဆောင်တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ကျန်းမာရေးအသိပညာပေး၍ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းအနေဖြင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၇ နာရီက လူစည်ကားရာ နေရာဖြစ်သည့် အမှတ် (၄)ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အရှေ့၌ ဆောင်ရွက် ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ (၈၄၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ် ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော အသက် ၁၂ နှစ်မှ အသက် ၁၈ နှစ်ကြား ကျောင်းသား၊‌ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm) ပထမအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက် (၉:၀၀)နာရီကစ၍ မြင်သာမြို့ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစုရပ်၌ ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။

အလုံမြို့နယ်၌ အခြေခံစာသောက်ကုန်များအား စျေးနှုန်းချိုသာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက် ၉နာရီ က အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကွန်တိန်နာဝန်းအတွင်း၌ အခြေခံ လက်လုပ်လက်စား ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချေပေးခဲ့ကြောင်း သိရသည်။

မိုးညှင်း၌ စံပြကွက်တောင်သူများအား သွင်းအားစုထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာ သင်တန်းပေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးသိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်ဖြင့် တစ်ကွင်းတစ်စပ်တည်း တင်း(၁၀၀)နှင့်အထက် ထွက်ရှိရေးစံပြကွက် တောင်သူများအား သွင်းအားစု ထောက်ပံ့ပေးအပ်ခြင်းနှင့် နည်းပညာသင်တန်းပေးခြင်းကို ယမန်နေ့ မွန်းလွှဲ (၁)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်နှင့် ဆီ ဆက်ကပ်လှူဒါန်း

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများရှိ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား ဝါတွင်းကာလ ဆွမ်းကိစ္စအဆင်ပြေစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူ ဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် (၂)နာရီ အချိန်က လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ နောင်ယားကန်သာ(သဘာဝရေပြင်)၌ ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးများပေးအပ်

ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍရေးနှစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း နှင့် ငါးမွေးတောင်သူများသို့ ငါးမျိုးပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီ အချိန်က လွိုင်ကော်မြို့ နောင်ယားကန်သာ (သဘာဝရေပြင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ် ပင်္ဂကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မ​ကွေးတိုင်း​ဒေသကြီး၊ သရက်ခရိုင်​၊ မင်းလှမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့ နံနက်(၉)နာရီက ပင်္ဂကျေးရွာသို့ ကွင်းဆင်း​၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

သထုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ တတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယနေ့ နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Subscribe to