ထန်းတပင် စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေများတွင် ဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုးမှုလျာထားချက်ပြည့်မီရေးသီးနှံစိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်သီရိမင်္ဂလာခန်းမ၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြို့နယ်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မျိုးအောင် က၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆီထွက်သီးနှံ(နေကြာ) စိုက်ဧကများ လျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး၊ အခြားနည်း ခွင့်ပြုမှုမရရှိမီ မစိုက်ပျိုးဘဲထားရှိသည့် ဧကများ မရှိစေရေး စသည့်အကြောင်းအရာများကိုဆွေးနွေး
ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးကိုကိုစိုး က သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးခြင်းသည် ပြည်တွင်းစားသုံးဆီဖူလုံ၍ ပြည်ပမှ စားအုန်းဆီတင်သွင်းမှု လျှော့ချနိုင်ရေး၊ ပြည်တွင်းစားသုံဆီဈေးကွက် ပိုမိုရရှိစေရေး၊ ဆီစက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံခြားငွေအသုံးပြုမှု လျော့နည်းသက်သာလာစေရေး စသည့် ရည်ရွယ်ချက်များကို လည်းကောင်း၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်စွာ မြေပြုပြင်ပေးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဝင်ငွေတိုးစေရန် ဆောင်းသီးနှံ နေကြာအားသီးထပ်သီးညှပ် လျာထားချက်အတိုင်း စိုက်ပျိုးရေးနိုင်ရေး ဆွေးနွေးပြောကြားရာတက်ရောက်လာကြသည့် တောင်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာ၀န်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)