အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ကမ်းစာစောင်နှင့် ပါးစပ်၊ နှာခေါင်းစည်း(Mask)များဖြန့်ဝေ
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သည့် "အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့" International Day of Clean Air for Blue Skies အထိမ်းအမှတ်အဖြစ် ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး လက်ကမ်းစာစောင်များနှင့် ပါးစပ်၊ နှာခေါင်းစည်း (Mask)များကို အခမဲ့ဖြန့်ဝေခဲ့ကြသည်။