အ.ထ.က(အင်္ဂပူ)တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် Read more about အ.ထ.က(အင်္ဂပူ)တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ.ထ.က(အင်္ဂပူ)တွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည် ။
လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် Read more about လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်း၌ အမှတ်(၄)ရပ်ကွက်ရှိ အ.လ.က-လေးမျက်နှာ အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်းအပြင်ရှိ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့သည်။
မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် Read more about မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ် ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများကို နယ်မြေခံတပ်မမှူး ဦးဆောင်ဖြင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးသက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အောင်တပ်ရပ်ကွက် မြို့တော်ခန်းမ၌ ကျေးရွာ/အုပ်စု(၁၉) စုမှ လေဘေးသင့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
စလင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုရှိခဲ့သည့် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းဆောင်ရွက် Read more about စလင်းမြို့နယ်အတွင်း ရေဝင်ရောက်မှုရှိခဲ့သည့် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းသား/ ကျောင်းသူများ စိတ်ချမ်းမြေ့စွာပညာသင်ကြားနိုင်ရေး စုပေါင်းသန့်ရှင်းဆောင်ရွက် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြိနယ်အတွင်းရှိ အခြေခံပညာကျောင်းများ စလင်းချောင်းရေမြှင့်တက် ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် ဆင်ဖြူကျွန်းမြို့ သာတန်းရပ်အခြေခံပညာမူလတန်းကျောင်းနှင့် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများအတွင်းမှ အမှိုက်သရိုက်များနှင့် စာသင်ခန်းများအတွင်း သဲနုန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈ နာရီခွဲမှစ၍ စုပေါင်းရှင်းလင်းဆောင်ရွက်ကြသည်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကျင်းပ Read more about အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကျင်းပ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ် Read more about ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူBook Club အဖွဲ့နှင့် Woman Clubအဖွဲ့များပူးပေါင်းပြီး စာရေးဒေါက်တာခင်မောင်အေး (နှလုံး) ရေးသားသော ‟ လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကြသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက် Read more about အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်းကာ ကျောင်းဝန်းအတွင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ်များကို လာရောက် ကြည့်ရှုစစ်ဆေး Read more about စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီး ဉီးအောင်နိုင်ဉီး မြန်မာ-တရုတ် နှစ်နိုင်ငံဝင်/ထွက်ဂိတ်များကို လာရောက် ကြည့်ရှုစစ်ဆေး မြန်မာ-တရုတ် နှစ်နိုင်ငံစီးပွားရေးကူးသန်းရောင်းဝယ်မှုနှင့် လူဝင်လူထွက်နယ်စပ်ဂိတ်များဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ လူဝင်/ထွက်ဂိတ် ဖြစ်သော နန်းတော်ဂိတ်၊ ဟိုဆောင်ဂိတ်၊ ပို့ကုန်သွင်းကုန်စီးပွားရေး ကူးသန်းရောင်းဝယ်ရေးအတွက် လူဝင်/ထွက်ဂိတ်နှင့် ကုန်တင်ယာဉ်ဝင်/ထွက် နယ်စပ်ဂိတ်များဖြစ်သော မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့ကို ယနေ့ နံနက်(၈း၂၀) အချိန်က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး လာရောက် ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနား ပြင်ဦးလွင်မြို့တော်ခန်းမတွင်ကျင်းပ Read more about မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနား ပြင်ဦးလွင်မြို့တော်ခန်းမတွင်ကျင်းပ မြန်မာနိုင်ငံကြက်ခြေနီအသင်း ၁၉၈၇ ခုနှစ်အထိ နည်းပြဆရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပသည်။
ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနိုနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ကြည့်ရှု Read more about ဟိုပုံးမြို့နယ်၌ ဌာနဆိုင်ရာဝန်ထမ်းများအား သက်သာသောဈေးနှုန်းဖြင့် ကြက်ဥ၊ နွားနိုနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးနေမှုအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ကြည့်ရှု ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့်ကြက်ဥ၊ နွားနိုများနှင့် စားသောက်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီ ခွဲအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။