မြောက်ဦးမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှုအခြေအနေများ စာရင်းကောက်ယူဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ကြောင့် ပျက်စီးဆုံးရှုံးခဲ့မှု အခြေအနေများကို စာရင်းကောက်ယူနိုင်ရေး၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။