ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင်ရေလွှဲဆည်မှ ဆည်ရေသောက် ဧရိယာအတွင်းရှိ လယ်ယာမြေများအားလုံး စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး ကချင်ပြည်နယ် ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း အဓိကစိုက်ပျိုးရေပေးဝေရေး ရေလွှဲဆည် တစ်ခုဖြစ်သည့် နှစ်ပေါင်း (၆၀) ကျော်သက်တမ်းရှိ ဝါရှောင်ရေလွှဲဆည် ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် စိုက်ဧကပိုမိုတိုးချဲ့ ရေပေးဝေနိုင်ရေး ရေလွှဲဆည်အထက် ရေလှောင်တမံတည်ဆောက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဖျာပုံမြို့၌ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်မှ ကျောင်းဖွင့်ရာသီ ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရေးစုပေါင်းသန့်ရှင်းရေး​ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအနေဖြင့် မေလ (၂၃) ရက်နေ့တွင် ကျောင်းအပ်စတင်လက်ခံပြီး ကျောင်းဖွင့်ရာသီရောက်ရှိလာတော့မည် ဖြစ်သည့်အတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင်နှင့် တာဝန်ရှိသူများက ကျောင်းဖွင့်ရာသီကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန်ရည်ရွယ်၍ ဖျာပုံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းနှင့်ကျောင်း ပတ်ဝန်းကျင်ရှိ မြက်ပင်များ၊ ခြုံနွယ်များနှင့်ခြင်ပေါက်ပွားခိုအောင်းနိုင်သော နေရာများအား ယနေ့နံနက် (၇) နာရီအချိန်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးအခြေခံပညာစာသင်ကျောင်းများ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှု အားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများမှာသန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပတိရုပ်ကောင်းမွန်စေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က ရွှေနတ်တောင်ကျောင်းနှင့် နောင်ခရီ ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်း စိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရာရှိကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခြေခံပညာအထက်တန်းကျောင်း၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၌ သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခြင်းအား ယနေ့နံနက်(၇:၃၀)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး သင်တန်းကျောင်းကို ကျောင်းဖွင့်ရာသီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသင်တန်း ကျောင်းကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် တွဲဖက်ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းစာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆန်ကြာဆံများဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆရာတော်၊ သံဃာတော်နှင့် သီလရှင်များအတွက် ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဘုန်းတော်ကြီးကျောင်းများထံ ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း ကြသည်။

ကလောမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းများ မကြာမီဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာ လှပစေရေးအတွက် ယနေ့ နံနက် ၇ နာရီက ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့၊ ကလောတပ်နယ်အရာရှိစစ်သည်နှင့် မိသားစုဝင်များ၊ လူမှူ‎ရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် သန့်ရှင်းသာယာလှပစေရေး မြို့နယ်ဌာနဆိုင်ရာအဖွဲ့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့နယ်တွင်းရှိ ဌာနဆိုင်ရာအဖွဲ့များ စုပေါင်း၍ ယနေ့နံနက်ပိုင်းက ဈေးရပ်ကွက် ဓမ္မစေတီလမ်း အ.ထ.က (အုတ်တွင်း)ကျောင်းရှေ့မျက်နှာစာနှင့် ကျောင်းတွင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာ​​​ကျောင်းတွင် စု​ပေါင်းသန့်ရှင်း​ရေးပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ ​မေလ ၂၃ ရက်​နေ့မှ ၃၁ ရက်​နေ့ထိ ပြုလုပ်မည့်​ ကျောင်းအပ်နှံ​ရေးသီတင်းပတ်နှင့် ဇွန်လအတွင်းအ​​ခြေခံ​ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ​ကျောင်းသား၊​ ကျောင်းသူများ စိတ်ချမ်း​မြေ့စွာ ပညာသင်ကြားနိုင်​ရေးအတွက်​ ကျောင်းများဥပတိရုပ်​ ကောင်းမွန်လှပ​စေရန်ဌာနဆိုင်ရာများ ပူး​ပေါင်းအဖွဲ့များဖြင့် ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်းတွင် ယ​​နေ့နံနက် ၇ နာရီခွဲအချိန်က စု​ပေါင်းသန့်ရှင်း​ရေး​ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to