ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ဇီးပင်လှ ကြိုးဝိုင်းအနီးရှိ လိပ်ခွဲကျေးရွာ ကြာနီကန်ရေကန်ဝန်းကျင် ကျေးရွာပိုင်မြေတွင် ယမန်နေ့ နံနက် ၉နာရီက ဒေသခံကျေးရွာပြည်သူများ နှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်းမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။