အင်္ဂပူ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အ.ထ.က(အင်္ဂပူ)တွင် ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည် ။
အဆိုပါစုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်မှုဖြင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ စုပေါင်းပြီး ကျောင်းဝန်းအတွင်း အမှိုက်များ၊ ပေါင်းမြက်များရှင်းလင်းခြင်း၊ စာသင်ခန်းများ သန့်ရှင်းရေးပြုလုပ်ခြင်းတို့အား စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)