လေးမျက်နှာ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်း၌ အမှတ်(၄)ရပ်ကွက်ရှိ အ.လ.က-လေးမျက်နှာ အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်းအပြင်ရှိ ခြုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်း၊ စုပေါင်းအမှိုက်ကောက်ခြင်းများ ပြုလုပ်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းကာ ကျောင်းဥပတိရုပ်ကောင်းမွန်စေရေး၊ ကျောင်းသန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရာတွင် သွေးလွန်တုတ်ကွေးဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရေးအတွက် အင်အား(၈၀)ဦးဖြင့် နံနက်(၇:၃၀)နာရီမှ(၉:၀၀)နာရီအထိ စု ပေါင်းအမှိုက်ကောက်ခြင်း၊ ကျောင်းဝန်းအတွင်းရှိ ခြုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျစွန့်ပစ်ခြင်း၊ ခြုံနွယ်များအား မြက်ဖြတ်စက်များဖြင့် ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။
လေးမျက်နှာမြို့နယ်အနေဖြင့် အပတ်စဉ် စနေနေ့တိုင်း ဌာနအလိုက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်း၊ အမှိုက်ပုံးများစနစ်တကျထားရှိရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမရှိစေရေးတို့အတွက် ဌာနဆိုင်ရာဝန်ထမ်းများမှ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
ကျော်ဟိန်း(ပြန်/ဆက်)