ကျောက်ကြီးမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ ဆိုင်းဘုတ်စိုက်ထူ
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သိမ်တန်းရပ်ကွက် ဗိုလ်ချုပ်ကြေးရုပ်တု အဝိုင်းအနီးတွင် မြို့နယ်ပညာရေးမှူး ရုံးက ဦးဆောင်ပြီး ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြပါစို့ ဆိုင်းဘုတ်အား ယမန်နေ့နံနက် ၉ နာရီတွင် စိုက်ထူခဲ့ကြောင်း သိရသည်။