စလင်း မေ ၂၀
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြိနယ်အတွင်းရှိ အခြေခံပညာကျောင်းများ စလင်းချောင်းရေမြှင့်တက် ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် ဆင်ဖြူကျွန်းမြို့ သာတန်းရပ်အခြေခံပညာမူလတန်းကျောင်းနှင့် သရက်ချဥ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းများအတွင်းမှ အမှိုက်သရိုက်များနှင့် စာသင်ခန်းများအတွင်း သဲနုန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၈ နာရီခွဲမှစ၍ စုပေါင်းရှင်းလင်းဆောင်ရွက်ကြသည်။
မေလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှစတင်ကာ စလင်းချောင်းရေမြင့်တက်လာမှုကြောင့် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ပေါ်နှင့် ရပ်ကွက်များအတွင်းနှင့် ကျေးရွာများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများအတွင်းသို့ ချောင်းရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သဖြင့် ကျောင်းဖွင့်ချိန်အမီ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်မှု ရှိစေပြီး ကျောင်းသား၊ ကျောင်းသူကလေးများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာပညာသင်ကြားနိုင်ကြစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့က စုပေါင်းသန့်ရှင်းရေး ပြုလုပ်ကြခြင်းဖြစ်သည်။
မြို့နယ်ပြန်/ဆက်