ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ကြံခင်း မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူBook Club အဖွဲ့နှင့် Woman Clubအဖွဲ့များပူးပေါင်းပြီး စာရေးဒေါက်တာခင်မောင်အေး (နှလုံး) ရေးသားသော လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

စာဖတ်ဝိုင်းကျင်းပရခြင်းဖြင့် စာဖတ်သည့် အလေ့အကျင့်နှင့် စာပေမှရရှိသော အသိပညာဗဟုသုတတိုးပွားစေရန်၊ ဖတ်၊ မှတ် ၊ လေ့လာထားသည်များကို အပြန်အလှန် ပူးပေါင်းညှိနှိုင်းဆွေးနွေးတတ်စေရန် ရည်ရွယ်ကျင်းပကြောင်း ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်မှ ရှင်းလင်းပြောကြားသည်။

ထို့နောက် စာပေချစ်မြတ်နိုးသူBook Clubအဖွဲ့အတွင်းရေးမှူးဦးအေးမြင့်အောင်မှ စာရေးဆရာ ဒေါက်တာခင်မောင်အေး (နှလုံး) ရေးသားသော“လူရယ်လို့ဖြစ်လာလျှင်” စာအုပ်မှ လူကျင့်ဝတ်နှင့်အညီထားရှိရမည့် အသိအမြင်ခံယူချက် အလေ့အကျင့်ကောင်းများ၊ လူ့ပတ်ဝန်းကျင်နှင့် စိတ်နေစိတ်ထား၊ အရွယ်အလိုက်ပြုမူနေထိုင်မှုပုံစံများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူ Book Clubအဖွဲ့နှင့် Woman Clubအဖွဲ့ဝင်များက မိမိတို့၏သဘောထားအမြင်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်ပြီး Talk Show အစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)