အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်း၍ ကျောင်းဝန်းအတွင်း သန့်‌ရှင်းရေးဆောင်ရွက်

ဇေယျာသီရိ မေ ၂၀

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်နီး၍ ဌာနဆိုင်ရာတာဝန်ရှိသူများစုပေါင်းကာ ကျောင်းဝန်းအတွင်း သန့်‌ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

သန့်ရှင်းရေးဆောင်ရွက်ရာတွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ လေသာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ်ရေးမှူး ဦးလိုင်ဒိန်းတို့ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဦးစီးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ကျောင်းဝန်းအတွင်းရှိ အမှိုက်များနှင့် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထို့အတူ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ဆေးရုံများ၊ အများပြည်သူသွားလာလျက်ရှိသည့် လူစည်ကားရာနေရာများတွင်လည်း အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)