အလုံမြို့နယ်၌ MIP ဆိပ်ကမ်းရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က အလုံမြို့ နယ်၊ ‌ဧရာ၀တီရပ်ကွက်၊ MIP ဆိပ်ကမ်းရှိ ၀န်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ(အခမဲ့) ဆေးကုသပေးလျက်ရှိ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ဘူးသီးတောင်မြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဘူးသီးတောင်တပ်နယ်၊ နယ်လှည့်ဆေး ကုသရေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှုများ၊ သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီအချိန်က လက်ဝဲဒက်ပြင်ရှည်ကျေးရွာစာသင်ကျောင်း၌ဒေသခံပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြသည်။

နန်းယွန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့် ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် တွဲဖက်သင်ကြားဖွင့်လှစ်မည့် သက်မွေး ပညာရပ်တစ်ခုဖြစ်သည့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းကို ကျောင်းဖွင့်ရာသီတွင် အချိန်မီဖွင့်လှစ်နိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။

စမ်းချောင်းမြို့နယ် အမှတ်(၃)အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတော(လယ်)ရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက် စုပေါင်းသန့်ရှင်းရေးကို ယ‌နေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

မော်လမြိုင်မြို့တွင် စွန့်ပစ်ပစ္စည်းများနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး Sunday Stop လှုပ်ရှားမှုများဆောင်ရွက်

မော်လမြိုင်မြို့တွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် အများပြည်သူ အားလပ်ရက်များတွင် လူစည်ကားသောနေရာများ အပန်းဖြေရာ နေရာများ၌ အစဥ်အမြဲ သန့်ရှင်းသာယာလှပစေရေးအတွက် စွန့်ပစ်ပစ္စည်းများနှင့်ပလတ်စတစ်အမှိုက်များ ကင်းစင်စေရေး ပလတ်စတစ်သုံးစွဲမှုလျှော့ချစေရန် ရည်ရွယ်၍ အားလပ်ရက် လှုပ်ရှားမှုများ စဥ်ဆက်မပြတ် ဆောင်ရွက်မှုများကို ယနေ့နံနက်ပိုင်းက သံလွင်စျေးနှင့် မောင်ငံဈေးအတွင်း Sunday Stop လှုပ်ရှားမှုးများပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် မာန်အောင်ကျေးရွာတွင် နာမကျန်းဖြစ်နေသည့် နွားကောင်ရေ(၄၀)အား ဆေးကုသထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းအရှိန်ဖြင့် မေလ ၁၃ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ကျေးရွာများမှ ဒေသခံတောင်သူများ၏ နွားများ နာမကျန်းမှုများရှိခဲ့သည့်အတွက် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မာန်အောင်ကျေးရွာတွင် နာမကျန်းဖြစ်လျက်ရှိသည့် နွားကောင်ရေ (၄၀)အား ဆေးကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့၌ ကျောင်းသား/ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ အခြေခံပညာကျောင်းများ၌ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ကျောင်းသား/ကျောင်းသူများ ရောဂါပိုးမွှားကင်းစင်ပြီး စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။

ကေ့ာကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေးပြုလုပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင် ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေး၊ ကျောင်းဝင်းအတွင်းရှိ ခြုံနွယ်များ၊ အမှိုက်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကေ့ာကရိတ်မြို့နယ် အတွင်းရှိ အထက (ချောင်းတောင်) အခြေခံပညာကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်း ရေးပြုလုပ် ဆောင်ရွက်ခဲ့ ကြသည်။

ဓနုဖြူမြို့ သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဓနုဖြူမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် အပတ်စဉ် စနေနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်က အမှတ် (၉)ရပ်ကွက်ရှိ အ.ထ.က (၁)တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်စွာ ဖွင့်လှစ်နိုင်ရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်း

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်းသပ်ရပ်စွာ ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်(၇)နာရီတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to