နတ်မောက်မြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ မေ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းများ၏ ဥပဓိရုပ် ကောင်းမွန်လှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့ နံနက် ၇ နာရီအချိန်က အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းတွင် သန့်ရှင်း ရေးများ ဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့၌ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဌာနဆိုင်ရာများမှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အပတ်စဥ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီက အမှတ်(၂) အခြေခံ ပညာ အထက်ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်ရှိ အမှိုက်၊ ချုံနွယ်နှင့် မြက်ပင်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်း များ ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်း ရေးပြုလုပ်ဆောင်ရွက် ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်က အဆိုပါ‌ ကျောင်းဝန်းအတွင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
Subscribe to