ငဖဲမြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းပြုလုပ်ပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ် လိုသူများကို ပန်းခင်း စီမံချက်(၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် မေလ ၁၂ ရက်နေ့မှ စတင်၍ အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပေကုန်းကျေးရွာနှင့် နယ်ဇောကျေးရွာ များသို့သွားရောက်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျားကာအုပ်စု၊ ကုလကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး နွေနှမ်း (၃၂၉၁၆)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ကျားကာအုပ်စု၊ ကုလကျေးရွာ တောင်သူဦးစိန်အောင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ် ဆေးခပ်ခြင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာ ကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက် (၈) နာရီက ရုံးရပ်မြောက် ရပ်ကွက်၊ ရုံးရပ်တောင်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။

ငါန်းဇွန်မြို့၌ စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ လူထုစိန်ဝင်းရေးသားသော “စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှကြီးမှူး၍ အင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကြီးမှူးဖွင့်လှစ်သော အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်းကို ယမန်နေ့ နံနက် ၈နာရီက မန္တလေး-ရန်ကင်းတောင်သွား ကားလမ်းဘေး၌ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြရာ ပင်မယာဥ်သိုလှောင်တပ် (မန္တလေး) ဗိုလ်မှူးကြီးရဲစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မန္တလေ

ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၄)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မက်မန်းခရိုင်အတွင်း အခြေခံပညာကျောင်းများ ကျောင်းဖွင့်ချိန်အမီ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။

နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေ ချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့ရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် မေလ ၂၃ ရက်မှ ၃၁ရက်နေ့အထိ ဆောင်ရွက်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြား နိုင်ရေး အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းရေးလုပ် ငန်းများကို ယမန်နေ့နံနက် ၈နာရီ က အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
Subscribe to