ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်(၁၄)ရပ်ကွက်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်

ဝါးခယ်မ မေ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များ၌ ယမန်နေ့နံနက် ၉ နာရီ အချိန်တွင် ဖုံး၊ သွန်၊ လဲ၊ စစ်၊ အဘိတ်ဆေးခပ်ခြင်းနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်နိုင်ရေး စည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ ပညာရေးဌာနရှိဝန်ထမ်းများနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍  မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခြင်မျာအလွယ်တကူပေါက်ပွားနိုင်သည့် ရေစည်၊ ရေပုံးများ၊ ရေတွင်း၊ ရေကန်များ၊ ရေမြောင်းများတွင်  ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပ‌ရေးအတွက် ခြုံနွယ်ပိတ်ပေါင်းများရှင်းလင်းခြင်း၊ ကျောင်းတက်ရောက် မည့် KG ကလေးငယ်များ၏ မိဘနေအိမ်များသို့သွား‌ရောက်ကျောင်းအပ်နိုင်‌ရေး စည်းရုံးဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)