ငဖဲ မေ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးမှ ဒေသခံပြည်သူများနှင့် ကျောင်းသားကျောင်းသူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုး တက်စေရေး အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပြုလုပ် လိုသူများကို ပန်းခင်း စီမံချက်(၂)ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် မေလ ၁၂ ရက်နေ့မှ စတင်၍ အခမဲ့ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပေကုန်းကျေးရွာနှင့် နယ်ဇောကျေးရွာ များသို့သွားရောက်၍ နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံးမှ ဒု-လဝကမှူးဦးမျိုးမင်းကျော် က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက် (၁၈)နှစ်အောက် (၁၆)နှစ်အထက်ရှိသူ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရ သေးသူ ပြည်သူများအား ပြုလုပ်ဆောင်ရွက်ပေးမှုအခြေအနေများနှင့် စနစ်တကျ ကိုင်တွယ် အသုံးပြုရန် အသိပညာ ပေးပြောကြားကာ ဒု-လဝကမှူးဦးမျိုးမင်းကျော် နှင့်ဝန်ထမ်းများက ပေကုန်း ကျေးရွာမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား မပြုလုပ်ရသေးသူ ပြည်သူ (၆)ဦး နှင့် နယ်ဇောကျေးရွာမှ ပြည်သူ(၅)ဦး တို့ကို အထောက်အထား များစိစစ်ကာ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မယု(ငဖဲ)