အထက်မင်းလှ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြိုနယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့မှ ကြီးမှူးဖွင့်လှစ်သော အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့မရပ်ကွက်၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် မင်းလှမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်အသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အင်္ဂလိပ်စာသင်တန်းကို မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေလ (၁၉) ရက်နေ့မှ ဇွန်လ(၁၉)ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)