နမ္မတူတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေ ချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်

နမ္မတူ    မေ  ၂၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိများ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းပတ်ဝင်းကျင် သန့်ရှင်း သာယာလှပစေရေးအတွက် ကျောင်းဝင်းအတွင်းအပြင်ရှိ ချုံ၊ နွယ်၊ ပိတ်၊ ပေါင်း၊ မြက်ပင်နှင့် သစ်ကိုင်း များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေနုတ်မြောင်းများရှင်းလင်းပေးခြင်းနှင့် အမှိုက်သယ်ယာဉ်နှစ်စီးဖြင့် အမှိုက်များသိမ်းဆည်း ဆောင်ရွက်ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားကျောင်းသူ များ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေး ကျောင်းသန့်ရှင်းရေးစုပေါင်းဆောင်ရွက်ခြင်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ် (၁)စစ်ဗျူဟာအဖွဲ့ ယာယီစစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှုးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)