နမ့်စန်မြို့ရှိ အခြေခံပညာကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

နမ့်စန်(တ)     မေ   ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် မေလ ၂၃ ရက်မှ ၃၁ရက်နေ့အထိ ဆောင်ရွက်မည့် ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ဇွန်လအတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ပညာသင်ကြား နိုင်ရေး အတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသန့်ရှင်းရေးလုပ် ငန်းများကို ယမန်နေ့နံနက် ၈နာရီ က အခြေခံပညာကျောင်းများတွင် စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှ အရာရှိ ၊ စစ်သည်များ၊ ဌာနဆိုင်ရာ အကြီးအကဲ များနှင့်ဝန်ထမ်းများ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊  ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများစုစုပေါင်း အင်အား ၄၀၀ ဦးခန့်က အထက(နမ့်စန်) ၊ အထက(မြို့မ) ၊ အထက(မိုင်းစိတ်)၊ အထက-ခွဲ(မြို့ဦး) နှင့် အထက-ခွဲ (လေတပ်) ကျောင်းများတွင် ကျောင်းဝန်းအတွင်း/ အပြင်ဘက်ရှိ အမှိုက်များနှင့် ပေါင်းမြက်များ ရှင်းလင်းကောက်ယူခြင်း ၊ စာသင်ခုံများစီခြင်း ၊ သစ်ပင်၊ သစ်ကိုင်း ၊ ခြုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်း ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါကျောင်းများတွင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရာနေရာများသို့ နမ့်စန် တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သူရအောင်(ပြန်/ဆက်)