မက်မန်း မေ ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများအား ကျောင်းဖွင့်ချိန်အမီ ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြသည်။
“ကျောင်းတွေ မကြာခင်ဖွင့်ကြတော့မှာဖြစ်တဲ့အတွက် အ.ထ.က-မက်မန်းအပြင် မြို့နယ်အတွင်းမှာရှိတဲ့ အခြေခံပညာ ကျောင်းတွေ ကျောင်းဖွင့်ချိန်အမီ ဥပဓိရုပ်ကောင်းမွန်စေရေးနဲ့ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးအတွက် ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာနေပြည်သူတွေ ပညာရေးဝန်ထမ်းတွေအနေနဲ့ သန့်ရှင်းရေးစုပေါင်း ဆောင်ရွက် သွားကြဖို့လည်း အကြောင်းကြားထားပြီးဖြစ်ကြောင်း” ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းထံမှ သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌတို့ ဦးဆောင်မှုဖြင့် အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်နှင့်မြို့နယ်မိခင်နှင့်ကလေးအသင်းနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးဝင်းစိုး(ခရိုင်၊ ပြန်/ဆက်)