ကျောက်ဆည်မြို့နယ် ကျားကာအုပ်စု၊ ကုလကျေးရွာတွင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် မေ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီဖူလုံပိုလျှံစေရေး နွေနှမ်း (၃၂၉၁၆)ဧက လျာထားစိုက်ပျိုးလျက်ရှိရာ ကျားကာအုပ်စု၊ ကုလကျေးရွာ တောင်သူဦးစိန်အောင် စိုက်ပျိုးထားသော နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်း (၆)ခုရှိပြီး ကျားကာအုပ်စု၊ ကုလကျေးရွာသည် သင်းဒီးစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင်ပါဝင်ပြီး ကျားကာ ကျေးရွာအုပ်စုတွင်(၉၇၈)ဧက၊ ဟံမြင့်မိုရ်ကျေးရွာအုပ်စုတွင် (၆၃၃)ဧက၊ လယ်ကြီးကျေးရွာအုပ်စုတွင် (၁၀၅၀)ဧက၊ ပုန်းညက်ကျေးကျေးရွာအုပ်စုတွင် (၇၇၂)ဧက၊ သံရွာကျေးရွာအုပ်စုတွင်(၆၅၀) ဧက၊ ခါးတက္ကုန်းကျေးရွာအုပ်စုတွင် (၁၅၀) ဧက၊ ဆူးလေကုန်းကျေးရွာ အုပ်စုတွင်(၈၄၀)ဧက၊ ပေါက်ပင်ကွေ့ကျေးရွာအုပ်စုတွင်(၈၉၀)ဧက၊ မြေစိုမိုးကျေးရွာ အုပ်စုတွင် (၉၁၃)ဧက၊ ပဲခင်းကျေးရွာအုပ်စုတွင်(၈၆၀)ဧက၊ ပေါင်လောင်ကျေးရွာအုပ်စုတွင် (၄၅၆)ဧက၊ စုစုပေါင်း(၈၁၉၂) လျာထားစိုက်ပျိုးထားကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီးနှံများကို မင်းရဲမြောင်းရေဖြင့်(၂၄၀၈)ဧက၊ သင်းတွဲမြောင်း ရေဖြင့်(၃၈၄၂)ဧက၊ ငပြောင်မြောင်းရေဖြင့်(၂၆၃၅)ဧက၊ ဇီးတော်မြောင်းရေဖြင့်(၄၂၀)ဧက၊ နွားတက်မြောင်း ရေဖြင့်(၁၁၇၅၄)ဧက၊ တမုတ်မြောင်းရေဖြင့်(၄၁၄၈)ဧက၊ အထက်လင်းဇင်း မြောင်းရေဖြင့် (၆၅၀)ဧက၊ သင်းဒီး မြောင်းရေဖြင့်(၄၅၅၉)ဧက၊ စမာမြောင်းရေဖြင့် (၂၅၀၀)ဧက၊ စုစုပေါင်း(၃၂၉၁၆)ဧက လျားထားစိုက်ပျိုးထားကြောင်းနှင့် နှမ်းစိုက်တောင်သူများ အနေဖြင့် နှမ်းသီးနှံများစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက ဒေသနှင့် ကိုက်ညီသည့် နှမ်းမျိုးများဖြန့်ဝေကာ နည်းပညာများ စနစ်တကျကူညီပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ နွေးနှမ်းသီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်