စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ချင်းတွင်းမြစ်ဘေးရှိ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဒေသခံပြည်သူများအား ဆေးကုသပေးနေမှုများအား ကြည့်ရှုအားပေးခြင်းနှင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဘေးရှိ ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရေး၊ ချင်းတွင်းမြစ်အတွင်း အမှိုက်များစွန့်ပစ်မှုမရှိစေရေးနှင့် ရပ်ကွက် နေပြည်သူများ လျှပ်စစ်အန္တရာယ်မှကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်းများအပေါ် ကျရောက်လျက်ရှိသည့်

ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းကိုကို တီးတိန်မြို့သို့ရောက်ရှိပြီး သဘာဝ‌ဘေးသင့်ပြည်သူများ ထောက်ပံ့ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ချင်းပြည်နယ်၊ တီးတိန်ခရိုင်၊ တီးတိန်မြို့နယ် သဘာဝဘေးပြန်လည်ထူထောင်ရေး တာဝန်ခံဗိုလ်မှူးချုပ်ဝင်းကိုကို ရောက်ရှိပြီး အမှတ်(၂၆၉)ခြေလျင်တပ်ရင်းခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက တီးတိန်မြို့ သဘာဝဘေးသင့်ပြည်သူများအား တွေ့ဆုံထောက်ပံ့ပွဲပြုလုပ်သည်။ ရှေးဦးစွာ ဗိုလ်မှူးချုပ်ဝင်းကိုကိုက အမှာစကားပြောကြားပြီး တီးတိန်ခရိုင် အုပ်ချုပ်ရေးမှူးဦးအောင်ချမ်းငြိမ်းက တီးတိန်ခရိုင်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ​ရွှေဘိုမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့်တွေ့ဆုံ ထောက်ပံ့ပစ္စည်းများ ပေးအပ်၊​ ဆေးကုသ​နေသည့်ပြည်သူများအား​တွေ့ဆုံအား​ပေးစကား​များပြောကြား

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက်  မေလ ၂၀ရက်နေ့၊ နံနက်ပိုင်းတွင်​ရွှေဘိုခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့​ကြောင်းသိရသည်။

ပုဗ္ဗသီရိမြိုနယ်တွင် အောင်သီရိဖောင်ဒေးရှင်းမှ ပညာရေး၊ ကျန်း မာရေးနှင့် ဒေသဖွံဖြိုးရေး အ ထောက်အပံ့အတွက် အလှူငွေကျပ် ၉၄၅ သိန်း ပေးအပ်ခြင်း အခမ်း အနား ကျင်းပ

ပုဗ္ဗသီရိမြိုနယ်၊ အမှတ်(၂၀) အခြေခံပညာ အထက်တန်း ကျောင်း၌ အောင်သီရိဖောင်ဒေးရှင်းမှပညာရေး၊ ကျန်းမာရေးနှင့်ဒေသဖွံဖြိုးရေး အထောက်အပံ့များပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့သည်။

ကမမောင်းမြို့၌ စာရေးဆရာ ကျော်ကျော်လှိုင်၏ ပျော်ရွှင်ခြင်း  စာအုပ်အား စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာ ကျော်ကျော်လှိုင်     ရေးသား ထားသော ပျော်ရွှင်ခြင်း စာအုပ်ဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌    စာဖတ်ဝိုင်း   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ပိုးလောက်လန်းသေ(Abate) ဆေးခပ်ခြင်း များဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ပိုးလောက်လန်းသေ (Abate) ဆေးခပ်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မဲပေါက်အုပ်စု၊ ဂမုန်းတောင်ကျေးရွာ ဆောင်ရွက်ပေးခဲ့သည်။

မြေပုံမြို့နယ်၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူးထောင်ရေး ကော်မတီဝင်များမှ လေဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်(ဆန်)ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန်များအား ဗိုလ်မှူးချုပ် ကျော်ကျော်စိုး ဦးဆောင်သော သဘာဝဘေးပြန်လည်ထူထောင်ရေးအဖွဲ့ဝင်များမှ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်က ထိခိုက်မှုများပြားသော ကျေးရွာအုပ်စု(၁၆)အုပ်စုသို့ ဆန်များ လွှဲပြောင်း ပေးအပ် ထောက်ပံ့ခြင်းပြုလုပ်သည်။

Myanmar Brilliance Auto Co.,Ltd ၏ EV Charge Station ဖွင့်ပွဲကျင်းပပြုလုပ်

Myanmar Brilliance Auto Co.,Ltd ၏ EV Charging Station ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၆၆ လမ်း၊ ၁၄လမ်းထောင့်၊ မန္တလေးကျုံး အရှေ့ဘက်တွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်(တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး)၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊မန္တလေးတိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်၊ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဝဏ္ဏဇော်နှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ Myanmar Brilliance Auto Co Ltd မှ Managing Director ဦးခင်မောင်စန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ကသာမြို့တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံစို့မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးများ အားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပညာရေးမဝေးဖို့ “ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအမြန် အပ်နှံစို့” ဟူသောမြေဆိုင်းဘုတ်ကို စိုက်ထူခဲ့ကြသည်။

ကမာရွတ်မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre ) ခန်းမ၌စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to