ပုသိမ်ကြီး မေ ၂၁
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပခြင်းကို ယမန်နေ့ နံနက် ၈နာရီက မန္တလေး-ရန်ကင်းတောင်သွား ကားလမ်းဘေး၌ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြရာ ပင်မယာဥ်သိုလှောင်တပ် (မန္တလေး) ဗိုလ်မှူးကြီးရဲစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ မန္တလေး ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း (၂၂၀)ဦးခန့် တက်ရောက်၍ ပုသိမ်ကြီးမြို့အဝင် သန့်ရှင်း သာယာလှပရေး အရိပ်ရပင်များ နှင့် ပန်းပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါသစ်ပင် စိုက်ပျိုးပွဲတော်တွင် မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့၏ စီစဥ်မှုဖြင့် ခရေပင် (၅)ပင်၊ ကံကော်ပင် (၃)ပင်၊ စိန်ပန်း (၁၀၀)ပင်၊ မယ်ဇယ် (၁၀၀)ပင်၊ စက္ကူပန်း (၇၀)ပင်၊ ငုဝါ (၃၀)ပင်၊ စိန်ပန်းပု (၅၀)ပင်၊ စိန်တခြူ (၅၀)ပင် စုစုပေါင်း ပျိုးပင် (၄၀၈)ပင်အား မိုးရာသီအကြို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်