အထက်မင်းလှ မေ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာ ကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်နှင့် အဘိတ်ဆေးခပ်ခြင်းကို ယနေ့နံနက် (၈) နာရီက ရုံးရပ်မြောက် ရပ်ကွက်၊ ရုံးရပ်တောင်ရပ်ကွက်နှင့် တောင်ရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်အမျိုး သမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရေးအသင်းအဖွဲ့ဝင်များ ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ရပ်ကွက်များအတွင်းရှိ နေအိမ်များ တွင် သောက်သုံးရေထည့်ထားသော ရေလှောင်ကန်များ၊ အုတ်ကန် အုတ်ကန်၊ ကျောက်စည် များ၊ ပန်းအိုးများတွင် ခြင်ခိုအောင်းခြင်း မရှိစေရန်နှင့်ပိုးလောက်လန်းများ မရှိရန် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအားလက်တွေ့ပြသပြီး အသိပညာပေးရှင်းလင်းပြောကြားခြင်း၊ အဘိတ်ဆေး ခပ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့နယ်အတွင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့၊မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ဖုံး၊ သွန်၊ လဲ၊ စစ်နှင့်အဘိတ်ဆေးခပ်ခြင်းများကို ကျန်ရှိနေသည့်ရပ်ကွက်၊ ကျေးရွာများ တွင်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)