ကော့မှူး၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းသည် နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စာပေလေ့လာဖတ်ရှုလေ့လာနိုင်ရန်၊ စာပေနှင့်အဆက်မပြတ် ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက လာဝတီကျေးရွာနှင့် မကျီးကန်‌ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

ခရမ်းမြို့နယ် ဆင်မင်းအိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့၊ အဖွဲ့ဝင်များ ရွေးချယ်

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားကာ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး မြစိမ်းရောင်ကျေးရွာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဆင်မင်းအိုင်ကျေးရွာ၌ အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ က မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များ ရွေးချယ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပညာရေးစစ်ကြောင်းအနေဖြင့် ယမန်နေ့က အခြေခံပညာကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုရန် ကွင်းဆင်းရဆောင်ရွက်ခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးအပ်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲရုံး၌ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများ စိုက်ပျိုး‌ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်သည်။

တွံတေးမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းကုသပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုသဌာနမှ ရပ်ကွက်၊ ကျေးရွာရှိ မိဘပြည်သူများ ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရေး ဟောပြောပွဲနှင့် အခမဲ့ကွင်းဆင်းကုသခြင်းကို အိုးဖိုအရှေ့ရပ်ကွက် သာယာကုန်းမဟာဝေပုလ္လဣစ္ဆာသယ ပရိယတ္တိသီလရှင်စာသင်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါစာသင်တိုက်ရှိ နေလသုခကျောင်းဆောင်တွင် ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ မိုးစပါး၊ မိုးနှမ်းနှင့် အခြားမိုးသီးနှံ အချိန်မီ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မေ ၁၈ ရက်နေ့က စတင်ပြီး ယခင်နှစ်က ချေးငွေပြေကြေစွာ ပေးဆပ်ပြီးစီးသည့် တောင်သူဦးကြီးများကို ၂၀၂၃ ခုနှစ်အတွက် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးနေပြီဖြစ်ကြောင်း အဆိုပါမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဘဏ်မန်နေဂျာ ဦးအေးမင်းနိုင် ထံက သိရသည်။

နွေရာသီ ပန်းချီ၊ ပန်းပု သင်တန်းဆင်းပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဖွင့်လှစ် သင်ကြားသည့် နွေရာသီ ပန်းချီ၊ ပန်းပုသင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် ၁၆ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပသည်။

ကွမ်းခြံကုန်းမြို့နယ်၌ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံရှုံးမှုအတွက်ကူညီထောက်ပံ့သည့်ပစ္စည်းများပေးအပ်ပွဲ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် မေလ၁၄ ရက်နေ့ကတိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့်ဘေးလွတ် ရာစုရပ်နေရာသို့  ပြောင်းရွေ့နေထိုင်သည့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်များ၊ အသက်(၅)နှစ်အောက် ကလေးသူငယ်များနှင့်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်(၃)လုံးကို ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့က   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌   ထောက်ပံပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က မိုခါမုန်တိုင်း၏ အရှိန်ဖြင့်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် အိမ်ထောင်စုများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ရုံးတွင် ပြုလုပ်ခဲ့သည်။

ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့မွှန်းလွဲ ၃ နာရီအချိန်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to