ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံတွင်တစ်ခုတည်းသော ဟိန္ဒူဘုရားကျောင်းနှင့် ဗိဿနိုးနတ်မင်း၏ ဖြစ်တော်စဉ် (၁၀)ဘဝသရုပ်ဖော်ပုံများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးရင်း လေ့လာရေး လာရောက်သည့်အခါ သဗ္ဗညုဘုရားကြီး အနောက်ဘက်အခြေရှိ နတ်လှောင်းကျောင်းကို လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြ တိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

အမ်းမြို့၌အသျှိုချင်းတိုင်းရင်းသားများ ဝါးဖြင့်အသုံးအဆောင်ပစ္စည်းများ ရက်လုပ်ရောင်း ချသူများ အဆင်ပြေ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့ နယ်အမှတ် (၃)စျေးရပ်ကွက်အောက် ကျင်း၌ တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေကြသောအသျှို ချင်းတိုင်းရင်းသူ တိုင်းရင်း သားများရိုးရာ နှီးဝါး ဖြင့်အသုံးအ ဆောင်ပစ္စည်းများတစ်ပိုင်တစ်နိုင်ရက် လုပ်ရောင်းချ နေသူများနှင့်ပြန်ကြား ရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ယမန် နေ့ညေနအချိန်ကသွား ရောက်တွေ့ဆုံလေ့လာကာ အားပေးစကားများပြောကြားခဲ့ပြီး မေးမြန်းချက်များအရ လုပ်ငန်းများအဆင်ပြေကာအဝယ်လိုက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်ကျေးရွာတွင် သံပယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကိုအဓိထား စိုက်ပျိုးကြသော်လည်း  ဥယျာဉ်ခြံမြေနှင့် ကိုင်း၊ ကျွန်းမြေများတွင် နှစ်ရှည်သီးနှံပင်များ၊ ကာလတိုဟင်းသီးဟင်းရွက် သီးပင် စားပင်များ မျိုးစုံစိုက်ပျိုးလျက်ရှိရာ ပေါက်ကုန်းကျေးရွာမှ သံပယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း  သိရှိရသည်။

မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ညီနောင်အသင်းအဖွဲ့များမှ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများကို ဆက်လက်လှူဒါန်း

ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ ရခိုင်ပြည်နယ်အပါအဝင် မိုခါမုန်တိုင်းဒဏ်သင့် ဒေသများသို့ အမိုးသွပ်ပြားများ၊ သွပ်ရိုက်သံများကို အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ညီနောင်အသင်းအဖွဲ့များမှ စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဆက်လက်လှူဒါန်းခဲ့ကြသည်။

မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူအသိပညာပေးဆွေးနွေးပွဲ မြန်အောင်တွင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ခု မိုးစပါး တစ်ဧက (၁၀) တင်းနှုန်း တိုးတက်ထွက်ရှိရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ ညနေ့က မြန်အောင်မြို့နယ်၊ တာခွတဲကြီးကုန်းကျေးရွာအုပ်စု စနစ်ကျလယ်ယာမြေ ရှင်းလင်းဆောင်တွင် ကျင်းပပြုလုပ်သည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းမှုမရှိစေရေး အချိန်နှင့် တစ်ပြေးညီဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား လျော့နည်းမှုမရှိစေရေး ယမန်နေ့ညပိုင်းအချိန်က အမှတ်(၁၄၄) စက်မူဇုန်အတွင်းရှိ တိုင်းတာမင်းကြီးလမ်းနှင့် ဂရုဏာလမ်းထောင့်အတွင်း ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre )တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြာင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ နေကြာမျိုးစေ့ချကိရယာ (Seeder)ဖြင့် မိုးနေကြာစံပြကွက် ကွင်းသရုပ်စိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသခံတောင်သူများ လယ်ယာသုံးစက် ကိရိယာများကို ရင်းနှီးကျွမ်းဝင်ပြီး တွင်ကျယ်စွာ အသုံးလာစေရန်နှင့် စိုက်ပျိုးရေးသွင်းအားစု ကုန်ကျစရိတ်များ သက်သာစေရန် ရည်ရွယ်၍ နေကြာမျိုးစေ့ချ ကိရယာ (Seeder)ဖြင့် မိုးနေကြာ စံပြကွက် ကွင်းသရုပ်ပြ စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မောင်းမကန်ကျေးရွာ တောင်သူ ဦးစန်းဦး၏ ယာမြေ၌ ဆောင်ရွက်ခဲ့သည်။

၂၀၂၃-ခုနှစ် ပူတာအိုမြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဋ္ဌ ဖလား ယူ-၂၃ အမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်ထုများအတွင်း အားကစားစိတ်ဓါတ်ထက်မြက်ရှင်သန်လာစေ ရန်၊ လူငယ်ထုများအတွင်း စည်းလုံးချစ်ကြည်ရင်းနှီးမှုတည် ဆောက်နိုင်စေရန်နှင့် မိမိဒေသဂုဏ် ဆောင်အားကစား သမားများပေါ်ထွန်းလာစေရန်သာမက နိုင်ငံ့ဂုဏ်ဆောင်ထူးချွန် အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည် ရွယ်ကျင်းပခဲ့သော မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း ဉက္ကဌ ဖလား ယူ-၂၃ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ် လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကို မေလ(၂၀)ရက် မွန်းလွှဲ(၂) နာရီခွဲက ပူတာအိုခရိုင်ပြည်သူ့ အားကစားကွင်း၌ ကျင်းပသည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ခဲ့သော ကျေးရွာများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရေးအတွက် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ တာ၀န်ရှိသူများနှင့်အတူ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံနှင့် ကျေးလက်ဆေးပေးခန်းများ သွားရောက

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ‌နိုင်ငံတော်မှ မောင်တောဒေသသို့ အနီးကပ်ကြီးကြပ်နိုင်ရန် တာ၀န်ပေးခဲ့ရသည့် ဗိုလ်မှူးချုပ်တင်ဆွေ သည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာ၀န်ရှိသူများ နှင့်အတူယမန်နေ့ ညနေပိုင်းက လေဘေးကြောင့် ပျက်စီးခဲ့သော အဆောက်အဦးများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Subscribe to