ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)မှ တတိယအကြိမ် ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး တက်ရောက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)(ဗဟို)မှ တတိယအကြိမ်ဆက်ကပ်လှူဒါန်းပူဇော်သော ဘွဲ့တံဆိပ်တော်များဆက်ကပ်ခြင်းနှင့် ဩဝါဒခံယူခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး